Please update your Flash Player to view content.
 QUBER - get it free
Home

သုံးထပ်ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းနိုင်ရန်

သုံးထပ်ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းမည် ဖြစ်ပါ၍

ကျောင်းဒါယကာ၊ ဒါယိကာမ အဖြစ် ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်လွှာ


ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မြို့သစ် (ကခ) ရပ်ကွက်၊ (က) ၃ - လမ်း ၊ (ယခင် ၀ါးတစ်ရာကျောင်း) သာသနဟိတကာရီ ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဆရာတော် အစဉ်အဆက် သီတင်းသုံး နေထိုင်ခဲ့သော ကျောင်းတော်ကြီး ဖြစ်ပါသည်။ ယခုအခါ နှစ်ပေါင်း (၄၅) နှစ် သီတင်းသုံးနေထိုင် ၍ မရအောင် ဆွေးမြေ့ပျက်စီး နေပြီဖြစ်၍ ယခုအခါ ထိုကျောင်းတော်ကြီးကို အသစ်တဖန် ဖေါ်ပြပါ ပုံစံအတိုင်း ဆောက်လုပ်လှူဒါန်း နိုင်ရန် အတွက် ကျောင်းဒါယကာ၊ ဒါယိကာမ များ အဖြစ် ပါဝင် လှူဒါန်းကြပါရန် ကောင်းမြတ်သော စေတနာ မွန်မြတ်သော စိတ်ထားဖြင့် အသိပေးနိုးဆော် အပ်ပါသည်။

ရဟန်း သာမဏေငယ်များနှင့် သူငယ်တန်းမှ သတ္တမတန်း ထိ ကျောင်းသူ၊ ကျောင်းသား ငါးရာကျော်ကို ပညာသင်ကြားပေးရန် ရည်ရွယ် တည်ဆောက်မည့် သုံးထပ်ကျောင်းတော်ကြီး ပုံစံငယ်မှာ -

 

Building-draft

မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ ကျောင်းလှူဒါန်းခြင်း၏ အကျိုးပြလင်္ကာ

သုံးတန်းစေတနာ၊ ညီညွတ်စွာဖြင့်၊ သာသနိက၊ ၀ိဟာရကျောင်း၊ တန်ဆောင်ဆောက်ဦး၊ ဆောက်လှူသူတို့၊ ကြီးထူကဲဝှန်၊ ကျိုးရဟန်းကို၊ ကျမ်းဂန်ထောက်ချင့်၊ နိဒါန်းဖွင့်သော်....

နတ်နှင့်လူ့ပြည်၊ သန္ဓေတည်၍။

စိတ်ရည်တောင့်တ၊ ဆောက်အုံရ၏။

 မထကြက်သီး၊ ကိုယ်လည်းမလှုပ်၊ ကြောက်ရုပ်မထင်၊ ထိပ်လန့်စင်၏။

ခြင်္သေ့၊ သစ်ကျား၊ သားရဲများနှင့်၊ ဖမ်းစားကလူ၊ နှိပ်စက်မူသား၊ တောသူဘုတ်ပြိတ်၊ အဆိပ်ထန်ပြင်း၊ မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်၊ ကုမ္ဘဏ်ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း၊ ဘေးလွတ် ရှောင်း၏။

ထင်လျတ်သတိ၊ ခိုင်မြဲဘိ၍၊ ၀ိပရိဏံ၊ ဘောက်ပြန်စိတ်ရင်း၊ ရူးသွပ်ခြင်းမှ၊ ရှင်းရှင်း လွတ်ရှောင်း ကျိုးဆက်ကောင်း၏။ နောင်နောင်ဘ၀၊ ပစ္ဆိမ၀ယ်၊ ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု၊ ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည်။ ဆောက်ဦးလှူကျိုး ခုနှစ်တည်း။

Last Updated (Monday, 04 January 2010 16:47)